• bigimage0
  • 900x360 e font-01
  • woodship.psd01
  • bigimage1
  • bigimage2
  • bigimage3
responsive carouselby WOWSlider.com v6.1


ကြိတ်သားပြားလုပ်ငန်းများ

Shaiyo Triple A အုပ်စုသည် Advance Asia Fiber ကုမ္ပဏီလိမိတက် အမည်ဖြင့် ကင်ဆာရောဂါဖြစ်စေသောဖော်မယ်ဒီဟိုက်ဒ်ကိုအသုံးပြုခြင်းမရှိပဲထုပ်လုပ်လျက်ရှိသော အရည်သွေးမြင့် ကြိတ်သားပြားများအားထုပ်လုပ်သူဖြစ်သည်။ အမှန်တွင် ကြိတ်သားပြား များတွင် သစ်သားများကိုပုံသွင်းရာ၌ မည်သည့် ဓါတုဓါတ်ပေါင်းများကိုမျှအသုံးပြုခြင်း မရှိဘဲသစ်ပင်တွင် သဘာဝအလျောက် တည်ရှိပါဝင်သည့် lignocellulosesသည် သဘာဝကော်အဖြစ် ၄င်းတို့ သဘာဝအရ ပြုမူသည်။ အဆင့်မြင့်နည်းပညာ နည်းလမ်းများစက်များနှင့် ထိပ်တန်းအရည်အချင်းထိန်းသိမ်းမှုများဖြင့် ထုပ်လုပ်ထား သော ကြိတ်သားပြားများသည် အရည်အသွေးမြင့်၊ သန်မာပြီးကမ္ဘာအဆင့်အတန်းများတွင် လေးစားဖွယ်ဖြစ်သည်။ ကြိတ်သားပင် ထုတ်လုပ်မှုပမာဏသည် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၉၀ ၀၀၀ သို့မဟုတ် အချပ်ပေါင်း ၁၃ သန်းဖြစ်သည်။ အာရှရှေ့ပြေးဖိုင်ဘာ ကြိတ်သားပြားများသည် အမျိုးမျိုးသောစက်မှုလုပ်ငန်းများ၊ ဥပမာ- ကားအတွင်းပါဝင်ပစ္စည်းများ၊ ပရိဘောဂအစိတ်အပိုင်းများ၊ အိမ်သုံးနှင့် ထုပ်ပိုးမှု စက်မှုလုပ်ငန်းများအစရှိသည်တို့တွင် အသုံးပြုလျက်ရှိသည်။