Shaiyo Triple A သည် ခိုင်မာတည်တံ့သော နိုင်ငံမျိုးစုံပါဝင်သည့် ထိုင်းနိုင်ငံအခြေပြုကုမ္မဏီအစုအဖွဲ့ဖြစ်ပြီး လူ့အဖွဲ့အစည်းနှင့် အသိုင်းအ၀န်းတို့ ရည်ရှည်တည်တံ့သော ကြီးပွားတိုးတက်မှုကို အဓိကထားသည်။ ကနဦး၌ ဤအဖွဲ့၏ သုတေသနနှင့် တီထွင်ထုတ်လုပ်မှုဗျူဟာသည် အုပ်စုအား ကမ္ဘာ့အကြီးဆုံး ဆန်နှင့် ပလောပီနံမှုန့် တင်ပို့သူဖြစ်လာစေခဲ့သည်။ ယခင်ကရရှိခဲ့သော အောင်မြင်မှုများဖြင့် Shaiyo Triple A အုပ်စုသည် ယခုအခါတွင် ကမ္ဘာ့အကြီးဆုံး အရည်အသွေးမြင့် သစ်ခွဲသား ထုတ်လုပ်သှူနှင့် တင်ပို့သူအဖြစ်တိုးတက်လာသည်။ ထို့အပြင် Shaiyo Triple A အုပ်စုသည် အာဆီယံဒေသတွင် သတ်မှတ်ဧရိယာအတွင်း biomass နှင့် စည်ပင်သာယာမှ စွန့်ပစ်ပစ္စည်းအသုံးပြု လျပ်စစ်ဓါတ်အားပေးစက်ရုံ အရေအတွက် အများဆုံးရှိလာပြီး ဘက်စုံစိုက်ပျိုးရေးလုပ်ငန်းတွင်လည်း ဦးဆောင်လာနိုင်သည်။

 

စုပေါင်းလုပ်ငန်းအတွေ့အကြုံနှင့် နှစ်ပေါင်း ၄၀ ကျော် အတတ်ပညာဆိုင်ရာ အတွေ့အကြုံများဖြင့်စတင်၍ ဇီဝနည်းပညာလုပ်ငန်း၊ ဘက်စုံဖွံ့ဖြိုးသော စိုက်ပျိုးရေးလုပ်ငန်း၊ လျပ်စစ်ဓါတ်အားပေးစက်များကို စက်မှုလက်မှုလုပ်ငန်း၊ အစိတ်အပိုင်းလုပ်ငန်း၊ တပ်ဆင်ခြင်းလုပ်ငန်းနယ်ပယ်တွင် ရှေ့တန်းတွင်နေရာယူသည် သာမက ကြီးမြန်သစ်ပင်စိုက်ပျိုးသော လယ်သမားကွန်ယက် ၂.၅သန်းကျော်ဖြင့် ကဏ္ဍ ၁၁ခုပါဝင်သော ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နေသည်။


 

သုတေသနနှင့် တီထွင်ထုတ်လုပ်မှုလုပ်ငန်း

Shaiyo Triple A သည် ဇီဝနည်းပညာလုပ်ငန်းနယ်ပယ်တွင် အောင်မြင်နေသော ကမ္ဘာ့အဆင့်မှီ ကုမ္ပဏီအစုအဖွဲ့အဖြစ်အသိအမှတ်ပြုခြင်းခံရသည်။ ကြီးမြန်သစ်ပင် သုတေသနနှင့် တီထွင်မှုလုပ်ငန်းမှ အတွေ့အကြုံ နှစ်ပေါင်း ၄၀ နှင့် “Shaiyo Sapling” ခေါ် မျိုးပွားခြင်း ပစ္စည်းကိုပြုလုပ်ဖန်တီးနိုင်ခဲ့ပြီး ကြီးမြန်သစ်ပင်နှင့် ဖျက်ပိုးဒဏ်ခံနိုင်သော ရာသီဥတုအမျိုးမျိုးဒဏ်ခံနိုင်သော မျိုးပွားစိုက်ပျိုးသည့်နည်းပညာများကို ကျယ်ပြန့်စွာ လက်ခံအသုံးပြုလာကြသည်။ ထို့ပြင် အနာဂတ်တွင် အသစ်ပြန်လည်ပြုလုပ်နိုင်သော စွမ်းအင်ထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် စားပင်နှင့် စွမ်းအင်ပေးသော ကောက်ပဲသီးနှံများကို သုတေသနနှင့် တီထွင်ထုတ်လုပ်မှုများပြုလုပ်ခဲ့သည်။


อ่านรายละเอียด

 

ကြီးမြန်သစ်ပင် လုပ်ငန်း

Shaiyo Triple A အုပ်စုသည် ကြီးမြန်သစ်ပင်လုပ်ငန်းတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှု နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သည်။ သဘောတူစာချုပ်ချုပ်ဆိုထားသော လယ်သမား ၂.၅သန်းသည်လည်း ကုပ္မဏီမှအထောက်အပံ့ပေးသော အစီအစဉ်ဖြစ်သော မြေကြီးပြင်ဆင်ခြင်း၊ စိုက်ပျိုးကွက်များစီစဉ်ခြင်း၊ ထိန်းသိမ်းဆောင့်ရှောက်ခြင်းနှင့် ရိတ်သိမ်းခြင်း ပညာပေးအစီအစဉ်များကြောင့် Shaiyo Saplings မှ ထွက်နှုန်းမြင့်မားမှု များရရှိလာ သည်။ ကျွန်ပ်တို့နှစ်စဉ်ထုတ်လုပ်သော ၃၀၀,၀၀၀,၀၀၀ ရှိသော အရည်အသွေးမြင့် ပျိုးပင်များမှ တန်ချိန် ၂၄သန်းရှိသော သစ်နှင့် စိမ်းလန်းသောမြေနေရာ ၁,၀၀၀,၀၀၀ ရိုင် (၁၈၀,၀၀၀ ဟက်တာ) ကျော်ထွက်ရှိသည်။ နှစ်စဉ် ထိုစိမ်းလန်းသောမြေဒေသမှ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၂၂သန်းကို စုပ်ယူပြီး အောက်ဆီဂျင်တန်ချိန် ၃၂သန်းကျော်ကို ထုတ်လွတ်သည်။ ထို့ကြောင့် Shaiyo Triple A ၏ ကြီးမြန်သစ်ပင်စီးပွားရေးလုပ်ငန်းသည် လယ်သမားများအား ကြီးပွားတိုးတက် စေရုံသာမက ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း လျော့နည်းစေသည်။

อ่านรายละเอียด

 


စိုက်ပျိုးထားသောသစ်ပင်များမှ ထုတ်ကုန်များ
သစ်ခွဲသားလုပ်ငန်းများ

Shaio Triple A အုပ်စုသည် ကမ္ဘာ့အကြီးဆုံးအရည်အသွေးမြင့် သစ်သားပြားထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သည်။ သုတေသနနှင့် ဆန်းသစ်တီထွင်ထုတ်လုပ်မှုများဖြင့် Shaiyo ရှိသစ်ပင် ပျိုးပင်များသည် မြင့်မားသောသစ်သား ထုတ်ပေးနိုင်မှုရှိသော အရည်အသွေးမြင့်မားသောသစ်သားများ နှင့် ညီညာသော သစ်သားပြားများအားခွဲခြမ်းမှု တို့အတွက် အာမခံချက်ပေးသည်၊ ထို့ကြောင့် ဓါတုပစ္စည်းမျာအသုံးပြုမှုအား နှင့် သစ်သားပြားပြုလုပ်မှု အချိန် တို့ကိုလျော့ချပေးသည်။ ထိုထုတ်လုပ်မှုလုပ်ငန်းစဉ်အရကုမ္ပဏီသည် ISO 9001 ရှိသောသစ်ခွဲသားများ ထုပ်လုပ်နိုင်ခွင့်ကိုပေးသော နိုင်ငံတကာတိုးတက်မှုနှင့် ထိန်းသိမ်းမှုစံများအားအဓိက အာရုံပြုသည်။ ကျွန်ုပ်တို့၏ စံထားမှုနှင့် အရည်အသွေးတို့အတွက် ကြိုးစား အားထုတ်မှုသည် ဂျပန်၊ ကိုးရီးယား၊ ထိုင်ဝမ်၊ နှင့် တရုတ်ပြည်ရှိ ၀ယ်ယူသူများ နှလုံးများကိုရရှိပြီးဖြစ်သည်။ ကုမ္ပဏီ၏ သစ်ခွဲစက် ၃၀ ၏ စွမ်းဆောင်မှုနှင့်ကုမ္ပဏီ၏ မဟာမိတ် ကွန်ယက်ပေါင်း ၃၀ကျော် တို့သည် ကျွန်ုပ်တို့အားကမ္ဘာပေါ်ရှိအကြီးမား ဆုံးသောသစ်ခွဲသားထုပ်လုပ်သူနှင့် တင်ပို့သူ ဖြစ်စေသည့် တစ်နေ့ တန်ချိန်ပေါင်း ၄၀ ၀၀၀ ကျော်ရှိသောသစ်ခွဲသားများကိုထုပ်လုပ်လျက်ရှိသည်။


သစ်ခွဲသားလုပ်ငန်းများ >ကြိတ်သားပြားလုပ်ငန်းများ >ကုန်စည်သယ်ရန်သစ်ခင်းပြားလုပ်ငန်း >ကုန်စည်သယ်ရန်သစ်သားခင်းပြားလုပ်ငန်း >

 

စွမ်းအင်လုပ်ငန်း


Shaiyo Triple Aအုပ်စု၏ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်း၊ ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော် ဇီဝထုစွမ်းအင်တီထွင်မှုနှင့် လည်ပတ်မှုအတွေ့အကြုံ တို့၏ သန်စွမ်းသော အခြေခံအုတ်မြစ်သည် ကျွန်ုပ်တို့အားအာဆီယံဒေသရှိအကျိုးအရှိဆုံး ဇီဝစွမ်းအင် ထုတ်လုပ်မှု စက်မှုလုပ်ငန်းများအဖြစ် ဂုဏ်သတင်းကျော်စောမှုကို ပေးစွမ်းခဲ့သည်။

လက်ရှိတွင် Shaiyo Triple A အုပ်စုသည် ဇီဝစွမ်းအင်ထုတ်လုပ်မှု လုပ်ငန်း ၈ ခုနှင့် ထိုင်းနိုင်ငံတစ်လျောက်တွင် စုစုပေါင်းလုပ်ဆောင်နိုင်စွမ်း ၈၅ MW ရှိသောစည်ပင် အစိုင်အခဲစွန့်ပစ်မှု (MSW) တို့ ရှိသည်။ ထိုအရာများတွင် Shaiyo Chonburiစွမ်းအင်ထုတ်လုပ်မှု ၊ Shaiyo Khon Kaenစွမ်းအင်ထုတ်လုပ်မှု ၊ Shaiyo Surinစွမ်းအင်ထုတ်လုပ်မှု ၊ Shaiyo Nakhon Ratchasimaစွမ်းအင်ထုတ်လုပ်မှု၊ Shaiyo Rio Et စွမ်းအင်ထုတ်လုပ်မှု၊ Shaiyou Ning Khaiစွမ်းအင်ထုတ်လုပ်မှု၊ Shaiyo Lampang စွမ်းအင်ထုတ်လုပ်မှု၊ Shaiyo Ubon Ratchathani စွမ်းအင်ထုတ်လုပ်မှု၊ နှင့် Shaiyou Nam Phong မြူနီစပါယ် စွန့်ပစ်အစိုင်အခဲစွမ်းအင်ထုတ်လုပ်မှု တို့ပါဝင်သည်။ ထွက်ရှိလာသောလုပ်ဆောင်နိုင်စွမ်းသည် ဒီဇယ်ဆီ ၏ အရေးပါမှုကိုတစ်နှစ်လျှင် သန်းပေါင်း ၂၁၁ လီတာလျော့ချနိုင်ပြီး ၄င်း သည် ထိုင်းဘတ်ငွေ သန်းပေါင်း ၆၈၅၁ နှင့် ညီမျှသည်။ အခြားအရေပါသော သဘာဝအရင်းအမြစ်တစ်ခုနှင့် နှိုင်းယှဉ်ကြည့်ပါလျှင် ထုတ်လုပ်ရရှိလာသော လျှပ်စစ် ပမာဏသည် နှစ်စဉ်သဘာဝဓါတ်ငွေ့အသုံးပြုမှု ကီလိုဂရမ်သန်းပေါင်း ၃၁၄ ကိုလျော့ချပေးပြီး ၄င်းသည် ထိုင်းဘတ်ငွေ သန်းပေါင်း ၆၉၀၈ နှင့် ညီမျှသည်။ ထို့ကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းများမှ လောင်စာများကို တင်သွင်းမည့်အစားငွေကြေးများကိုကျေးလက်လယ်သမားများထံ ဖြန့်ဝေပေးနိုင်သည်၊ ထို့ကြောင့် အဖွဲ့ အစည်း၏ GDP အားတစ်နှစ်လျှင်ထိုင်းဘတ်ငွေသန်းပေါင်း ၉၃၅၀ တိုးမြင့်လာမှုလည်း ပါဝင်သည်။

အာဆီယံဒေသများတွင် ကျယ်ပြန့်သောစိုက်ပျိုးစီးပွားရေးရှိသည်နှင့်အညီ ဇီဝစွမ်းအင်ထုတ် လျှပ်စစ်စွမ်းအင်သည် ဒေသအတွင်းစွမ်းအင်တည်မြဲမှုအတွင် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထိုအကြောင်းများကြောင့် Shaiyo Triple A တွင် အတော်များများသောဦးတည်ထားသောထုတ်လုပ်မှုစွမ်းအင် ၈၄၀ MWရှိသော ဇီဝထု စွမ်းအင်ထုတ်လုပ်မှုများကိုဆောက်လုပ်ရန်အတွက် အစီအစဉ်ရှိသည်၊
ထို့ပြင် Shaiyo Triple Aအုပ်စုသည် လမ်းကြောတစ်လျောက်နှင့် အနီးအနား စက်ရုံများကိုလျပ်စစ်စွမ်းအင်ထောက်ပံ့လျက်ရှိသည့် 108 MW ရှိ သဘာဝဓါတ်ငွေ့ သုံးစွမ်းအင်ထုတ်လုပ်မှုကိုလည်းဆောက်လုပ်ပြီးဖြစ်သည်။

อ่านรายละเอียด

 

EPC ၊ O&M လုပ်ငန်း

Shaiyo Triple A မှ Advance Energy Development (AED) ကုမ္ပဏီလိမိတက် အမည်ဖြင့်ထုတ်လုပ်ပြီးတပ်ဆင်သော ဇီဝနည်းပညာသုံး လျပ်စစ် ဓါတ်အားပေးစက် သည် အာဆီယံဒေသတွင် အသုံးဝင်ဆုံး လျပ်စစ်ဓါတ်အားပေးစက်အဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုလက်ခံခြင်းခံရသည်။
လုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်း ၂၀သည် လျပ်စစ်ဓါတ်အားပေးစက်များအား ဈေးနှုန်းချိုသာစွာနှင့် အကျိုးရှိစွာ လည်ပတ်နိုင်ရန် စီမံဆောင်ရွက်နိုင်စေသည်။ ကုမ္ပဏီ၏ လုပ်ငန်းနယ်ပယ်အား စီမံကိန်းလုပ်ငန်းများသုံးသပ်ခြင်း၊ စီမံကိန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ စီမံကိန်းလုပ်ငန်းအစီအစဉ်ချမှတ်ခြင်း၊ စက်မှုလုပ်ငန်းဒီဇိုင်း၊ စက်ပစ္စည်းများဝယ်ယူခြင်း၊ ဓါတ်အားပေးစက်တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း၊ ဆောက်လုပ်ခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည်တို့ဖြင့် ပေါင်းစပ်ထားသည်။ AED ၏ လောင်စာစိုထိုင်းမှုအများဆုံး ၆၅%(ရေ ၆၅%၊ လောင်စာ ၃၅%) ဖြင့် လည်ပတ်နိုင်သော ဇီဝနည်းပညာသုံး လျပ်စစ်ဓါတ်အားပေးစက် နည်းပညာသည် အာဆီယံဒေသတွင် ပထမဦးဆုံးဖြစ်ခဲ့သည်။


မြို့ပြနှင့် ဆောက်လုပ်ရေးလုပ်ငန်း>အိမ်ခြံမြေလုပ်ငန်း >


အိမ်ခြံမြေလုပ်ငန်း


Shaiyo triple A အုပ်စုသည် စက်ရုံလုပ်ငန်းတွင် နှစ်ပေါင်း ၂၀ကျော်လုပ်ကိုင်ခဲ့သည်။ အဖွဲ့အစည်းတွင် ကိုယ်ပိုင်ဓါတ်အားပေးစက်၊ ရေသန့်စင်စက်နှင့် စက်ရုံသုံးရန်အတွက် ထုတ်လုပ်စက်နှင့် သောက်ရေသန့်စက်ရှိသည်။ ထို့ပြင် Shaiyo Triple A အုပ်စု၏ စက်ရုံသည် အချက်အချာကျသောနေရာတွင် တည်ရှိ သောကြောင့် ပင်လယ်နက်ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ သွားလာရလွယ်ကူပြီး ဘန်ကောက်နှင့်လည်းနီးသည်။ စက်ရုံများသည် အဓိက အဝေးပြေလမ်း၏ဘေးတွင်ရှိပြီး အရည်အသွေးမြင့်ပြီး ကုန်ကျစရိတ်သက်သာသော လုပ်သားများ အနီးပတ်ဝန်းကျင်တ၀ိုက်တွင်ရရှိနိုင်သည်။ ထိုစက်ရုံများမှာ


• Shaiyo စက်ရုံ Chonburi • Shaiyo စက်ရုံ Chachoengsao
• Shaiyo စက်ရုံ Nakon Ratchasima • Shaiyo စက်ရုံ Udon Thani   

Shaiyo-AAA သည် စက်ရုံလုပ်ငန်းပြန်လုပ်ဖန်တီးသောဝန်ဆောင်မှုများကို “တစ်ထိုင်တည်းပြီးသောဝန်ဆောင်မှု” အနေဖြင့် ပြည်ဝင်ခွင့်လျောက်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ စက်ရုံလုပ်ငန်းလုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်တောင်းခံခြင်း၊ တရားဝင်ခွင့်ပြုချက်ရယူခြင်း၊အလုပ်သမားကဒ် တင်လျောက်ခြင်း၊ အစိုးရနှင့်ဒေသ အုပ်ချုပ်ရေးဆောင်ရွက်မှု၊ စက်ပစ္စည်းဒီဇိုင်း၊ ဆေက်လုပ်ရေး၊ ၀န်ထမ်းခန့်အပ်ခြင်း၊ စက်ပစ္စည်းလည်ပတ်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် နည်းလမ်းများတို့ကို ပံ့ပိုးပေး သည်။

อ่านรายละเอียด

 

ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း

Shaiyo Triple A အုပ်စုသည် ထိုင်းနိုင်ငံတွင် အကျယ်ပြန့်ဆုံး ကုန်းလမ်းနှင့် ရေလမ်းသယ်ယူပို့ဆောင်ရေးကွန်ယက်ကို စီမံပြုလုပ်ပေးသည်။ ကုမ္ပဏီ၏ အထောက်အပံ့ပစ္စည်းများတွင် ထိုင်းနိုင်ငံရှိ ပင်လယ်နက်ပိုင်းဆိပ်ကမ်း ၂ ခုနှင့် မြစ်ဆိပ်ကမ်း ၁ခုပါ ၀င်သည်။ ပင်လယ်နက်ပိုင်းဆိပ်ကမ်းနှစ်ခုသည် Sri Racha ၊ Chonburi ရှိ Laemchabang ဆိပ်ကမ်းနှင့် Chachoengsao နယ်မှ Bang Pakong တို့ဖြစ်သည်။ မြစ်ဆိပ်ကမ်းမှာ Ayutthaya နယ်ရှိ Bang Sai ဖြစ်သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ Hue တွင်လည်း ပင်လယ်နက်ဆိပ်ကမ်းရှိသည်။

နှစ်ပေါင်း ၄၀ အတွင်း ၀ယ်သူများအား ကျွမ်းကျင်ပိုင်နိုင်စွာ ထိရောက်စွာ ၀န်ဆောင်မှုပေးခဲ့သည်။ ဤ၀န်ဆောင်မှုများတွင် ထိုင်း၊ လာအို၊ ကန်ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ ကုန်းလမ်းသယ်ယူပို့ဆောင်ပေးခြင်းအပြင် တိုက်ကျော်၍ ဖြတ်သန်းသွားလာသော ကာဂိုသဘောင်္များဝယ်ယူခြင်းတို့ပါဝင်သည်။ လက်ရှိတွင် Shaiyo Triple A အုပ်စုသည် အဆင့်မြင့်နည်းပညာဖြင့် စီမံတပ်ဆင်ထားပြီး GPS စနစ်ဖြင့် ခြေရာခံနိုင်သော ၂၄နာရီဆက်သွယ်နိုင်သော ၀န်ဆောင်မှုစင်တာဖြင့် ကိုင်တွယ်ထိန်းချုပ် ပေးသည့် လော်ရီကုန်ကားပေါင်း ၁၀၀၀ ကျော်ဖြင့် ၀န်ဆောင်မှုပေးနေသည်။

อ่านรายละเอียด

 

 

ဝန်ဆောင်မှုလုပ်ငန်း

Shaiyo Triple A အဖွဲ့သည် ၀န်ထမ်းများရွေးချယ်ခန့်အပ်ခြင်းဝန်ဆောင်မှုကို အဆင့်မြင့်နည်းပညာနှင့် နည်းလမ်းများအသုံးပြု၍ ဆောင်ရွက်ပေးသည်။ အရည်အချင်း မြင့်မားပြီး ၀ယ်သူများ၏လိုအပ်ချက်နှင့်ကိုက်ညီသူများအား ရွေးချယ်ခန့်အပ် ရမည်မှာ ကျွန်ပ်တို့၏ တာဝန်ဖြစ်သည်ဟုအခိုင်အမာယုံကြည်သည်။


ဝန်ထမ်းများရွေးချယ်ခန့်အပ်ခြင်းဝန်ဆောင်မှုများ

သင်တန်းပေးလေ့ကျင့်မှုနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှု

တရားဝင်ခွင့်ပြုချက် လျောက်လွာစာရွက်စာတမ်းများနှင့် ကုမ္ပဏီဖွဲ့စည်းမှုလုပ်ငန်း


အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် ပို့ကုန်လုပ်ငန်း

Shaiyo Triple A အုပ်စုသည် ကျန်းမာရေးနှင့် အလှအပအတွက်ကောင်းမွန်သောအရည်အသွေးမြင့် ဆန်များကိုထုတ်လုပ် ဖြန့်ချီသူ ဖြစ်သည်။ နှစ်ပေါင်း ၄၀ ကျော်အတွင်းရှိကမ္ဘာ့ နံပတ် ၁ ဆန်နှင့် ပီလောပီနံမှုန့်တင်ပို့သူအဖြစ် ဘက်စုံစိုက်ပျိုးရေးလုပ်ငန်းများ နှင့် ၄င်း၏ သုတေသနနှင့် ဆန်းသစ်တီထွင်ထုတ်လုပ်မှုများဖြင့် Shaiyo Triple A အုပ်စုသည် ပြည်တွင် ဈေးကွက် ဆန် တင်ပို့သူအဖြစ်မှ ကမ္ဘာပေါ်တွင် အကြီမားဆုံးဆန်နှင့် ပီလောပီနံတင်ပို့သူအဖြစ် တိုးတက်လာခဲ့သည်။ လက်ရှိတွင် Shaiyo Triple A သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးအရည်အသွေးမြင့် သစ်ခွဲသားတင်ပို့သူဖြစ်သည်။ အုပ်စုတွင် အောင်မြင်စွာဖြင့် အာရှအပြင် မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ ၊အာဖရိကနှင့် သြစတြေးလျရှိဖောက်သည်များ၏ ဦးစားပေးမှုနှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဆန် များကိုထုတ်လုပ်ပေးခဲ့သည်။

တင်သွင်းခြင်း၊ ဖြန့်ဝေခြင်းနှင့် ရောက်ပြီးနောက် ကုန်တင်ကားများနှင့် လေးလံသောစက်ပစ္စည်းများ ဖြင့် ၀န်ဆောင်မှု၊

စက်ရုံများအတွက်ျပ်စစ်ဆိုင်ရာပိုဆောင်ရေးစက်ပစ္စည်းများတပ်ဆင်ခြင်ဖြန့်ချီခြင်း၊

ဖြန့်ချီခြင်း၊ တပ်ဆင်ခြင်း၊ အပ်နှံခြင်း နှင့် စွမ်းအင်ထုတ်လုပ်ငန်းများအတွက်ရေငွေ့ တာဗိုင်များရောင်းချပြီး ၀န်ဆောင်မှု

 

Shaiyo Triple A အဖွဲ့၏ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း

Shaiyo Triple A အုပ်စုသည် စီးပွားရေးလုပ်ငန်းများ ပြည်ပတွင်ချဲ့ထွင်နေသဖြင့် နည်းပညာနှင့် အတွေ့အကြုံများလည်းရယူသည်။

ထိုင်းနိုင်ငံရှိ ကျယ်ပြန့်သော ပေးသွင်းသူကွန်ယက်နှင့် ပြည်ပမှဝယ်သူကွန်ယက် အားဖြင့် ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် နံပါတ် ၂ ဆန်နှင့် သစ်ထွက်ပစ္စည်း တင်ပို့သူဖြစ်လာသည်။ ထို့ပြင် ဇီဝနည်းပညာသုံး လျပ်စစ်ဓါတ်အားပေးစက် နှင့်ပိုင်ဆိုင်မှုသည် အာဆီယံဒေသတွင် ရှေ့မှဦးဆောင်နေသည်။ ထို့ကြောင့် Shaiyo Triple A အား တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကန်ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် သြစတေးလျနိုင်ငံများမှ ပြည်ပဈေးကွက်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နေသည်။

ဗီယက်နမ်တွင် Shaiyo Triple A ၏ ရုံးချုပ်နှင့် စက်ရုံများသည် Thua Thien Hue နယ်၊ Binh Dinh နယ် နှင့် Quang Tri နယ်များတွင်တည်ရှိသည်။ Laos နိုင်ငံတွင်မူ ရုံးချုပ်သည် Savannakhet နယ်တွင် တည်ရှိသည်။

อ่านรายละเอียด