EPC ၊ O&M လုပ်ငန်း

Shaiyo Triple A မှ Advance Energy Development (AED) ကုမ္ပဏီလိမိတက် အမည်ဖြင့်ထုတ်လုပ်ပြီးတပ်ဆင်သော ဇီဝနည်းပညာသုံး လျပ်စစ် ဓါတ်အားပေးစက် သည် အာဆီယံဒေသတွင် အသုံးဝင်ဆုံး လျပ်စစ်ဓါတ်အားပေးစက်အဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုလက်ခံခြင်းခံရသည်။


လုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်း ၂၀သည် လျပ်စစ်ဓါတ်အားပေးစက်များအား ဈေးနှုန်းချိုသာစွာနှင့် အကျိုးရှိစွာ လည်ပတ်နိုင်ရန် စီမံဆောင်ရွက်နိုင်စေသည်။ ကုမ္ပဏီ၏ လုပ်ငန်းနယ်ပယ်အား စီမံကိန်းလုပ်ငန်းများသုံးသပ်ခြင်း၊ စီမံကိန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ စီမံကိန်းလုပ်ငန်းအစီအစဉ်ချမှတ်ခြင်း၊ စက်မှုလုပ်ငန်းဒီဇိုင်း၊ စက်ပစ္စည်းများဝယ်ယူခြင်း၊ ဓါတ်အားပေးစက်တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း၊ ဆောက်လုပ်ခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည်တို့ဖြင့် ပေါင်းစပ်ထားသည်။ AED ၏ လောင်စာစိုထိုင်းမှုအများဆုံး ၆၅%(ရေ ၆၅%၊ လောင်စာ ၃၅%) ဖြင့် လည်ပတ်နိုင်သော ဇီဝနည်းပညာသုံး လျပ်စစ်ဓါတ်အားပေးစက် နည်းပညာသည် အာဆီယံဒေသတွင် ပထမဦးဆုံးဖြစ်ခဲ့သည်။

 


EPC ၊ O&M လုပ်ငန်း

http://www.aed-th.com